အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 16 May 2012

မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားထဲ လှမ်းဝင်ဖို့ရာ

မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားထဲ လှမ်းဝင်ဖို့ရာ
အချစ်၊ မေတ္တာရှိရုံနဲ့ မလုံလောက်ပါဘူး
သူ့ကို သင်နားလည်ပေးဖို့လည်း လိုပါတယ်

သူ့ရဲ့ သတ္တိထဲက ပျော့ညံ့ခြင်းကိုနားလည်ပြီး
သူ့စိတ်ဓာတ်ကို အားပေးကူညီတတ်ဖို့ လိုပါတယ်

သူ့ရဲ့ ပျော်ရွှင်ခြင်းထဲက စိုးရိမ်ပူပန်ခြင်းကိုနားလည်ပြီ
သူ့ကို ဂရုစိုက်ကြင်နာပေးတတ်ဖို့ လိုပါတယ်

သူ့ရဲ့ တဗျစ်တောက်တောက်၊ သဝန်တိုပြောဆိုမှုကိုနားလည်ပြီး
သူ့မျက်ဝန်းထဲက မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးတတ်ဖို့ လိုပါတယ်

သူ့နှလုံးသားရဲ့ ဦးတည်လျှောက်လှမ်းရာကိုနားလည်ပြီး
သူနဲ့အတူ နေပူ မိုးရွာမရှောင် လျှောက်လှမ်းပေးတတ်ဖို့ လိုပါတယ်

တကယ်တော့ သူတို့လိုချင်တာ သိပ်မများပါဘူး
သူတို့လိုတာက သူတို့ကိုနားလည်မှုပေးနိုင်သူတစ်ယောက်ကိုပါပဲ....
...........................................................................................

.
မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မကြာခဏမေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။

ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။

ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့၊ ယုံကြည်မှုမဲ့လာလို့ဖြစ်တယ်။

သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပေးပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။
.................................................................................
.
ချစ်လိုက်ပါ.. တစ်ခါမှ မနာကျင်ခဲ့ဖူးတဲ့ခံစားချက်မျိုးနဲ့ ချစ်လိုက်ပါ

ကလိုက်ပါ... ဘယ်သူမှကြည့်မနေဘူးဆိုတဲ့ ခံစားချက်မျိုးနဲ့ ကလိုက်ပါ

ဆိုလိုက်ပါ.... ဘယ်သူမှနားထောင်မနေဘူးဆိုတဲ့ ခံစားချက်မျိုးနဲ့ ဆိုလိုက်ပါ

အလုပ်လုပ်ပါ... လခမလိုဘူးဆိုတဲ့ ခံစားချက်မျိုးနဲ့ အလုပ်လုပ်ပါ

နေထိုင်လိုက်ပါ.... ဒီနေ့ဟာ ကမ္ဘာ့နောက်ဆုံးရက်နေ့ဆိုတဲ့ ခံစားချက်မျိုးနဲ့ နေထိုင်လိုက်ပါ ----- (Kim Sam-soon)

My name is Kim Sam Soon ဇာတ်ကားမှ

.................................................................................

မတော်တဆစကားတစ်ခွန်းက
ငြင်းခုန်မှုကို ဖြစ်စေနိုင်တယ်

ရက်စက်တဲ့စကားတစ်ခွန်းက
ဘဝတစ်ခုကို ပျက်စီးစေနိုင်တယ်

အချိန်မီပြောတဲ့ စကားတစ်ခွန်းက
တင်းမာမှုကို ပြေလျော့စေနိုင်တယ်

ကိုယ်ချင်းစာတဲ့ စကားတစ်ခွန်းက
ဒဏ်ရာကို ပျောက်ကင်းစေနိုင်တယ်

အားပေးဖေးမတဲ့ စကားတစ်ခွန်းက
ဘဝတစ်ခုကို ပြောင်းလဲစေနိုင်သတဲ့.......
.////......................................................................
ကိုယ့်ကိုနာကျင်ထိခိုက်စေခဲ့တဲ့သူကို ခွင့်လွှတ်တာဟာ
အပန်းကြီးတဲ့ကိစ္စတော့ မဟုတ်ဘူး။

သူပြုခဲ့သမျှ အမှားကို
ကိုယ့်စိတ်ထဲမှာထည့်ပြီး တနုံနုံမခံစားပါနဲ့
ဒါဟာ ကိုယ့်ကိုယ်ကို ပိုနာကျင်ထိခိုက်စေပါတယ်။
ဒါကြောင့်
သူ့ကို ခွင့်လွှတ်လိုက်ပါ
သူ့ကို ခွင့်လွှတ်တာက ကိုယ့်ကိုယ်ကိုခွင့်လွှတ်တာနဲ့ အတူတူပဲ။
သူ့ကို လက်လွတ်လိုက်ပါ
သူ့ကို လွတ်လိုက်တာက ကိုယ့်စိတ်ကို လွတ်လပ်စေတာပါပဲ။
..........................................................................
ပစ္စည်းဥစ္စာ ဘယ်လောက်များလဲ တစ်နေ့ ထမင်းသုံးနပ်ပါပဲ။

စည်းစိမ်ဓနဘယ်လောက်များလဲ နေ့နဲ့ည တစ်ရက်ပါပဲ။

နေအိမ်တိုက်တာ ဘယ်လောက်ခမ်းနားလဲ ညအိပ်ချိန် ကျောတစ်နေရာစာပါပဲ။

စားကောင်းသောက်ဖွယ် ဘယ်လောက်ကောင်းလဲ အစာအိမ်တစ်ခုဖြည့်တင်းရုံပါပဲ။

ရာထူးရာခံ ဘယ်လောက်မြင့်လဲ နေ့တိုင်း ရုံးတက်ရုံးဆင်းပါပဲ။

အဝတ်အစား ဖိနပ်တွေ ဘယ်လောက်များလဲ တစ်ခါဝတ် တစ်စုံပါပဲ။

ငွေကြေးနည်းနည်း၊ များများ သုံးလောက်ရင်ရပြီ
လူကြီးကြီး၊ လူငယ်ငယ် ကျန်းမာရေးကောင်းရင်ရပြီ
ကိစ္စတော်တော်များများ အမြင်ရှင်းရင်ရပြီ
နောက်ဆုံးမှာတော့...... ရောင့်ရဲတင်းတိမ်စိတ်က အကောင်းဆုံးပေါ့။
.............................................................................................
အချစ်မှာ
ကတိမလိုဘူး၊ သဘောတူညီချက် မလိုဘူး၊ တောင်းဆိုချက်တွေ မလိုဘူး

အချစ်မှာ
လူနှစ်ယောက်ပဲလိုတယ်
ယုံကြည်မှုပေးနိုင်သူတစ်ယောက်နဲ့
နားလည်မှုပေးနိုင်သူတစ်ယောက်ပဲဖြစ်တယ်။
..............................................................................................
အချိန်ပေးပြီး တွေးတောတယ်
ဒါဟာ အသိဉာဏ်ရဲ့ ရင်းမြစ်ဖြစ်တယ်

အချိန်ပေးပြီး အလုပ်လုပ်တယ်
ဒါဟာ အောင်မြင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်

အချိန်ပေးပြီး သူတစ်ပါးကို ကူညီတယ်
ဒါဟာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်

အချိန်ပေးပြီး စာဖတ်တယ်
ဒါဟာ အသိပညာ၊ ဗဟုသုတရဲ့ အခြေခံဖြစ်တယ်

အချိန်ပေးပြီး ပြုံးရယ်တယ်
ဒါဟာ စိတ်ရှုပ်စရာတွေ ပျောက်ကင်းတဲ့ ဆေးတစ်လက်ဖြစ်တယ်

အချိန်ပေးပြီး အားကစားလုပ်တယ်
ဒါဟာ အသက်၊ ကျန်းမာရေးရဲ့ အာမခံချက်ဖြစ်တယ်

အချိန်ပေးပြီး တရားထိုင်တယ်
ဒါဟာ စိတ်နဲ့ခန္ဓာ တသားတည်းကျစေတဲ့နည်းဖြစ်တယ်

အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေတယ်
ဒါဟာ ဘဝကိုနုပျိုစေတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်

အချိန်ပေးပြီး လူတွေကို ကြင်နာချစ်ခင်တယ်
ဒါဟာ ဘဝရဲ့ခံစားချက်အကောင်းဆုံး လှုပ်ရှားမှုဖြစ်တယ်

အချိန်ပေးပြီး စီမံကိန်းဆွဲတယ်
အပေါ်ကအချက်တွေကို အချိန်ပေးပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ..
.......................................................................................................

တချို့မိန်းကလေးတွေက ချစ်သူရှာရင် ဒီလိုသတ်မှတ်ထားတတ်တယ်
ကြင်နာရမယ်၊ တိုးတက်လိုစိတ်ရှိရမယ်၊ အာရုံစူးစိုက်မှုရှိရမယ်၊ ငွေကြေးရှိရမယ်.. တဲ့

ဒီလိုကောင်းတဲ့ယောက်ျားမျိုးက လူတွေလုလို့ ကုန်ကုန်ပြီ။
ဒီလောကမှာ အရာရာပြည့်စုံ ခြောက်ပစ်ကင်းတဲ့လူမျိုး
သင့်အရွေးကိုခံဖို့ စောင့်နေမှာ မဟုတ်ဘူး။

ယောက်ျားဆိုတာ ကောင်းကွက်တစ်ကွက်နှစ်ကွက်ရှိတာနဲ့ မဆိုးဘူးလို့ ဆိုရမယ်
ကြင်နာတတ်တဲ့ ယောက်ျားကို တိုးတက်လိုစိတ်ရှိအောင် သင်လှုံ့ဆော်တတ်ရတယ်

တိုးတက်ကြိုးစားတဲ့ယောက်ျားကို အာရုံစူးစိုက်မှုရှိအောင် သင်ထိန်းသိမ်းတတ်ရတယ်

အာရုံစူးစိုက်မှုရှိတဲ့ယောက်ျားကို ငွေကြေးချမ်းသာလာတဲ့ထိ
သင်စောင့်နိုင်ရတယ်

ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ
(၁) စောင့်ပြီးမှ ရလာတာ
(၂) ထိန်းသိမ်းပြီးမှ ရလာတာ
(၃) သည်းခံပြီးမှ ရလာတာဖြစ်တယ်။
.
................................................................
နိုင်းနိုင်းစနေ .

0 comments:

Post a Comment