အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 16 May 2012

ပုံတွေကို ပဲ ကြည့်ပါ ။

တကယ်တော့ သင်္ကြန်ဆိုတာ အင်မတန် ပျော်စရာကောင်းတဲ့ အချိန်ကာလ တစ်ခုပါ ။
ဘယ်လောက် ရေတွေရွှဲရွဲ ၊ နေပူပူ ၊ တနေကုန် ကဲကဲ ဘယ်တော့မှ ဖျားနာတယ်ဆိုတာ မရှိပါဘူး ။
ဧပြီလ ရောက်ပြီဆိုတာနဲ. အလိုလိုကိုပျော်ရွှင်နေမိတာပါ ။
သင်္ကြန်သီချင်းတွေထဲကတော့ သင်္ကြန်မိုးကားထဲက သီချင်းတွေ ၊ ဆရာမြို.မငြိမ်းရေးတဲ့ သီချင်းတွေ ကို မှီတဲ့  ၊ ဘယ်တော့မှ မရိုးနိုင်တဲ့
သီချင်းမျိုး ဘယ်သူမှ မရေးစပ်နိုင်တာတော့ ဝမ်းနည်းစရာပါ ။
ခေတ်တွေ စနစ်တွေ ပြောင်းလာလို. ကျင်းပတဲ့ အပြင်အဆင် ဘယ်လိုပြောင်းပြောင်း ၊ ရေကစားပုံ ဘယ်လိုပြောင်းပြောင်း ငါ မြန်မာ ဆိုတာကိုတော့
စိတ်ထဲမှာ မြဲမြဲ မှတ်ထားစေချင်ပါတယ် ။
ခေတ်ကာလရွေ.လျော လာတာနဲ.အမျှ သင်္ကြန်တွင်း ရေကစားသူ ၊ ရေပက်ခံသူတွေ ရဲ့ ဝတ်စားဆင်ယင်မှု.တွေကလည်း ပြောင်းလဲ လာတာ အဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဘာက ဆန်းနေသလဲ ဆိုရင် အရှက်တရား ၊ ဂုဏ်သိက္ခာ တို.ဆိုတာ မြောင်းထဲ ရောက်ကုန်တာပါပဲ ။
မိန်းကလေးများ အင်မတန် ဆိုးရွားပါတယ် ။ ဒါဟာ တိုးတက်လာတာ မဟုတ်ပါဘူး ၊ ပွင့်လင်းလာတာ မဟုတ်ပါဘူး ။ ဆုတ်ယုတ်လာတာပါ ။
တိရိစ္ဆာန် နီးနီးဖြစ်လာကြတာပါ ။ တိရိစ္ဆာန် ဆိုတာ ရှက်ရမှန်း မသိပါဘူး ။ အရှက်တရား ရှိခြင်း ၊ သိက္ခာကို တန်ဖိုးထားခြင်း ဆိုတာ လူနဲ. တိရိစ္ဆာန် ရဲ့ ကွာခြားချက် တခုပါ ။
အခုတော့ လူမြင်ကွင်းမှာ ဘီယာသောက်တာ မပြောလိုပါ ။ သို.သော် ဘီယာသောက်ပြီး လူစိတ်ပျောက်ကာ ဖြစ်ပျက်နေတာတွေက ပြောကိုပြောမှ ဖြစ်မှာပါ ။
လူ.သဘာဝအရ မိန်းကလေးဆိုတာ သူများလုပ် လိုက်တုလုပ်တတ်ကြတယ် ။သရုပ်ဆောင်တွေ အတုခိုးတတ်ကြတယ် ။ ဥပမာ တင်ဇာဝင့်ကျော် ဖော်လို. လိုက်မဖော်နဲ.။ သူက ဝါသနာအရ ဖော်ပြနေတာ ။ အနံ့မကောင်းတဲ့သူ ။ သူနဲ. လိုက်တုရင် မှားသွားမှာပေါ့ ။
မြန်မာပြည်တွင်းမှာ အပြိုင်အဆိုင် တိုပြတ် ဖော်ပြနေတာ အဟုတ်ထင်နေကြပေမယ့် ပြည်ပရောက် မြန်မာတွေမှာတော့ မျက်နှာငယ်ရပါတယ် ။
မြန်မာအကြောင်း သိတဲ့ နိုင်ငံခြားသားတွေက မြန်မာမ တွေ စရိုက်ပျက် ၊ ယဉ်ကျေးမှု.ပျက်လာနေကြတာ ဝမ်းနည်းစရာပဲ လို. အပြောခံရတာ ဘယ်လောက် ရှက်စရာကောင်းသလဲ ။ ကျမလဲ မိန်းမပါပဲ ။ တခါတလေကျတော့ အဲ့လို မိန်းမမျိုးတွေကို ပြစ်ပြစ် နှစ်နှစ်ပြောပြစ်လိုက်ချင်တဲ့ စိတ်ကို မထိန်းနိုင်ပါဘူး ။
ဒီလောက်တောင် ဖော်ချွတ် ပြချင်နေရင် နေရာ တနေရာကိုပဲ သွားပါလို.။ ပိုက်ဆံလိုလို.ပဲ ဖြစ်ဖြစ် ၊ ဝါသနာပါလို.ပဲ ဖြစ်ဖြစ် အဲ့နေရာကိုပဲ သွားပါ ။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို နေရာမှား ရောက်မလာစေချင်ပါ ။ မထိုက်တန်လို.ပါ ။  ကျမ ပြောတာ လွန် မလွန် အောက်က ပုံတွေကို ပဲ ကြည့်ပါ ။




Inline images 2

Inline images 3

Inline images 4


Inline images 6

Inline images 5


အပေါ်က မြန်မာမ များ အတွက် ဒီမေးလ်ကို ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည် ။

အောက်က ပုံထဲက မိန်းကလေးများကဲ့သို. ဝတ်စားဆင်ယင်ခြင်းကိုမူ လက်ခံနိုင်ပါသည် ။ မြန်မာမဆန်သော်လည်း အမြင်မရိုင်းပါ ။ လူ.အသိုင်းအဝိုင်း လက်ခံနိုင်လောက်ပါသည် ။

Inline images 7


အရှက်သိက္ခာတရား နှင့် တန်ဖိုးရှိသော မြန်မာမများ ဖြစ်နိုင်ကြပါစေ ။

0 comments:

Post a Comment