အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Wednesday 16 May 2012

““သင်္ဂါယနာတင်ခြင်းသမိုင်း””

  

““သင်္ဂါယနာတင်ခြင်းသမိုင်း””

(ပထမ သင်္ဂါယနာတင်တာတော့ သာသနာနှစ် သုံးလလေးရက်နေ့ နေရာကတော့သတ္တပဏ္ဏိ-လိုင်ဂူဝေဘာရတောင် ရာဇဂြိုလ်ပြည်မှာတင်ခဲ့ပါတယ်...နုတ်ငုံအာဘော်ဆောင်ပါတယ်
ခေါင်းဆောင်သံဃာ အရှင်မဟာကဿပ ၊ရှင်ဥပါလိ ၊ ရှင်အာနန္ဒာ
ရဟန္တာဦးရေ ကတော့ ငါးရာ ရှိပါတယ် ပစ္စယနုဂ္ဂဟမင်းကတော့ အဇာတသတ်မင်း ပါ
တင်ရတဲ့အကြာင်းရင်းကတော့ သသနာကိုပုတ်ခတ်တဲ့အကြာင်းရင်းပါ ခုန်နှစ်လထိကြာခဲ့ပါတယ် ရဟန်းတုကတော့ သုဘဒ္ဒ တစ်ပါးတည်းပါ
(ဒုတိယ သင်္ဂါယနာတင်တာတော့) သာသနာနှစ် တစ်ရာပြည့်မှာပါ နေရာကတော့ ၀ါဠုကာရာမကျောင်းတိုက်
ဝေသာလီပြည်မှာပါ နုတ်ငုံအာဘော်ဆောင်ပါတယ်...ခေါင်းဆောင်သံဃာကတော့ အရှင်ယသ ဦးစီး အရှင်သဗ္ဗကာမိ ၊ အရှင်ရေ၀တ သုံးပါး
ရဟန္တာဦးရေက ခုန်နှစ်ရာပါ ....ပစ္စယနုဂ္ဂဟမင်းကတော့ ကာလာသောကမင်းကြီးပါ တင်ရတဲ့အကြာင်းရင်းကတော့.... အဓမ္မ၀ထ္ထုဆယ်ပါးကြောင့်ပါ ကြာမြင့်ချိန် ရှစ်လပါ
ရဟန်းအတုကအဲဒီအချိန်မှာ တစ်သောင်းကျော်တောင်ရှိသွားပါပြီ.......
(တတိယ သင်္ဂါယနာတင်တာတော့) သာသနာနှစ် နှစ်ရာသုံးဆယ့်ငါးနှစ် နုတ်ငုံအာဘော်ဆောင်ပါတယ်...နေရာကတော့ အသောကာရုံကျောင်း ပါဋလိပုတ်ပြည်မှာပါ....ခေါင်းဆောင်သံဃာကတော့
အရှင်တိဿဦးစီးပြီး အရှင်မဇ္စုန္တိက ၊အရှင်မဟာဒေ၀ သုံးပါး .......
ရဟန္တာဦးရေကတော့ တစ်ထောင်ပါ.....ပစ္စယနုဂ္ဂဟမင်းကတော့ သီရိဓမ္မာသောကမင်းကြီးပါ ....
တင်ရတဲ့အကြောင်းကတော့ ရဟန်းတုမိစ္ဆာဒိဠိအယူရှိတဲ့ အကြာင်းကြောင့်ပါ...ကြာမြင့်ချိန်ကတော့
ကိုးလကြာခဲ့ပါတယ် ...ရဟန်းတုတွေကတော့အဲဒီချိန်မှာ ခြောင်သောင်းတောင်ရှိသွားပါပြီ....
(စတုထ္ထသင်္ဂါယနာတင်တာကတော့) သာသနာတော်နှစ် လေးရာငါးဆယ် ပေစာနဲ့ရေးမှတ်ရပါပြီ
နေရာကတော့ အလောကလိုဏ်ဂူ မလယဇနပုဒ် သီဟိုဠ်နိုင်ငံမှာပါ ......
ခေါင်းဆောင်သံဃာ အရှင်မဟာဓမ္မရက္ခိတဦးစီး ပါတယ် .....ရဟန္တာဦးရေက ငါးရာ
ပစ္စယနုဂ္ဂဟမင်းက ၀ဋ္ဋဂါမဏိမင်းကြီးပါ....တင်ရတဲ့အကြာင်းရင်းကတော့
ငတ်မွတ်ဆင်းရဲဘေး/သူပုန်ဘေးတို့ကြောင့်ပါ...ကြာမြင့်ချိန်က တစ်နှစ်ကြာပါတယ်
ရဟန်းတုတွေကတော့ မရေနိုင်တော့ပါဘူး.......
(ပဉ္စမသင်္ဂါယနာတင်တာကတော့ ) သာသနာနှစ် နှစ်ထောင့်လေးရာတစ်ဆယ်ငါးခုနှစ်ပါ
ကျောက်သားပေါ်မှာရေးမှတ်ခဲ့ပါတယ်...နေရာကတော့ ရတနာပုံနေပြည်တော်မန္တလေးမြို့ မြန်မာနိုင်ငံမှာပါ ခေါင်းဆောင်သံဃာ အရှင်ဇာဂရာဦးစီးပါတယ်..ရဟန်း နှစ်ထောင့်လေးရာပါ ပါတယ်.....
ပစ္စယနုဂ္ဂဟမင်းကတော့ မင်းတုန်းမင်းကြီးပါ ..(စကျင်ကျောက်ပြား (729)ချပ် တိတိမှာရေးမှတ်ခဲ့ပါတယ်)
တင်ရတဲ့အကြောင်းရင်းကတော့ ပေစာရွက်တွေအချိန်ကြာမြင့်လျှင်ပျက်စီးမှာစိုးရိမ်မှုရယ် နောက်ထပ်မှုကွဲများပေါ်ပေါက်လာနိုင်မည့်အကြောင်းကြောင့်ပါ.....ကြာမြင့်ချိန်ကတော့ ခုနှစ်နှစ် ခြောက်လ ဆယ့်လေးရက်တိတိကြာခဲ့ပါတယ်... ရဟန်းတုတွေကတော့ မရေတွက်နိုင်တော့ပါ......
(ဆဌမသင်္ဂါယနာတင်တာကတော့) နှစ်ထောင့်လေးရာကိုးဆယ့်ရှစ်နှစ်မှာပါ...
နေရာကတောမဟာပါသာဏလိုဏ်ဂူ ကမ္ဘာအေးကုန်းမြင့် ရန်ကုန်မြို့ မြန်မာနိုင်ငံမှာပါ..
ညောင်ရမ်းဆရာတော် အရှင်ရေ၀တ ၊ မဟာစည်ဆရာတော် ဦးသောဘဏ
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ တို့ဦးစီးပါတယ်..
ရဟန်းသံဃာပေါင်း စုစုပေါင်း နှစ်ထောင့်ငါးရာတက်ရောက်ကြပါတယ် .....
ထေရ၀ါဒ နိုင်ငံ မြန်မာ ၊ ယိုးဒယား ၊ လာအို ၊ ကမ္ဘောဒီးယား ၊သီရိလင်္ကာ ငါးနိုင်ငံတက်ရောက်ခဲ့ကြပါတယ်....
ပစ္စယနုဂ္ဂဟမင်းကတော့ ဖစပလ အစိုးရ ဦးနုလက်ထက်ပါ....
တင်ရတဲ့အကြောင်းရင်းကတော့ သူ့ကျွန်ဘ၀ နှစ်တစ်ရာနီးပါကျရောက်ခဲ့ပြီး သာသနာညိုးနွမ်းနေရခြင်းအကြောင်းကြောင့်ပါ.....ကြာမြင့်ချိန်ကိုတော့ မသိရတော့ပါ ..........
( ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးတတ်ကြပါစေ)

0 comments:

Post a Comment