အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Saturday 26 May 2012

ရဲတိုက်နဲ့ ချစ်သုဝေကို မီဒီယာများက ချီးကျူးရေးသား"


‎''ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရင်သွေးငယ်များနဲ့ ဆုံစည်းခဲ့သူ ရဲတိုက်နဲ့ ချစ်သုဝေကို မီဒီယာများက ချီးကျူးရေးသား"

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငကျေးရွာမှာ မှတ်တမ်းဇာတ်လမ်းတစ်ခု သွားရောက်ရိုက်ကူးခဲ့တဲ့ ချစ်သုဝေက မေလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဒီဇာတ်လမ်းက အခကြေးငွေမယူဘဲ လူမှုရေးအသင်းကို ကူညီအားပေးတဲ့အနေနဲ့ ရိုက်ကူးပေးခဲ့ခြင်းဖြစ်ကြောင်း ချစ်သုဝေက ပြောပါတယ်။ ထိုကျေး ရွာကို ရောက်တဲ့အချိန်မှာ မြန် မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရသလို မငိုရတဲ့နေ့ကို မရှိခဲ့ရကြောင်းကို ချစ်သုဝေက “အစ်မမငိုရတဲ့နေ့ကို မရှိပါဘူး။ စိတ်မကောင်း ဖြစ်လွန်းလို့လေ။ အစ်မခံစားရတာက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေပေါ့။ ဒီအလုပ်သမားတွေက အလုပ်တွေ လုပ်ရတဲ့အခါ အစ်မတို့နိုင်ငံ လူတွေက ဟိုဘက်နိုင်ငံရောက်တဲ့အခါ ဘာအခွင့်အရေးမှ မရှိဘူးဖြစ်နေတယ်။ ပညာရေးလည်းမရှိဘူး။ ပညာရေးမရှိတဲ့အတွက် သူတို့မှာအသိတရား မရှိဘူး။ သူတို့ကို ကာကွယ်ပေးမယ့် အခွင့်အရေးလည်း ဘာမှမရှိဘူး။ အဲဒီအတွက် မဆုံးရှုံးသင့်တဲ့ အရာတွေ၊ မဖြစ်သင့်တဲ့ အရာတွေ ဖြစ် နေကြတာ၊ ဆုံးရှုံးနေကြတာကို အစ်မမြင်လာရတယ်၊ ခံစားလာရတယ်ဆိုတော့ တအား စိတ်မကောင်းဖြစ်တယ် ။ နိုင်ငံတော်ကနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တစ်ခုခုဂရုစိုက် ပေးတာမျိုးကိုလည်း မျှော်လင့်ပါတယ်”လို့ သူမကဖန်ငကျေးရွာမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကူညီပေးဖို့ ပြောပြ ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့  ကျောင်းမထားနိုင်တဲ့ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ အက်ဖ်အီးဒီဖောင်ဒေးရှင်း အဖွဲ့အစည်းအတွက် ကိုယ့်အနုပညာနဲ့ လှူရတာမျိုးဖြစ်တဲ့အတွက် လှူခဲ့ရကျိုးနပ်သလို၊ အချိန်ပေးရကျိုး နပ်ကြောင်း၊ အသိတရားတွေများစွာရရှိခဲ့ကြောင်းချစ်သုဝေက ပြောပါတယ်။ ချစ်သုဝေက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံစကား ပြောခဲ့ပါတယ်။ “သူတို့ထိုင်းမှာ registration လုပ်တဲ့အချိန် ရှိတယ်။ ဒီအချိန်လေးမှာပဲ လုပ်ရတာ။ ငွေကြေးကို မတတ်နိုင်လို့ registration မလုပ်တာရှိတယ်။ အဲဒီလို လုပ်ရကောင်းမှန်း၊ အသိပညာမရှိလို့ မလုပ်ကြတာရှိတယ်။ သူတို့မှာ ဘာအခွင့်အရေးမှမရှိတော့ အက်ဆီးဒင့်တစ်ခုခုဖြစ်ရင်တောင် ကိုယ့်ကပြောရမှာကို တောထဲကို အနာကြီးတန်းလန်းနဲ့ ထွက်ပြေးကြတာရှိတယ်။ အစ်မတို့ မြန် မာတွေ အမြင်ကျယ်၊ ပညာတတ်ဖို့ပဲ ကြိုးစားရမယ်။ မြန်မာပြည် မှာပညာရေး ဖောင်ဒေးရှင်းလေးတွေ ပေါ်ပေါက်လာဖို့ တစ်တပ်တစ်အား လုပ်နိုင်တဲ့ဘက်က အစ်မဝိုင်း လုပ်မယ်”လို့ ပြောပါတယ်။
ချစ်သုဝေက မြန်မာနိုင်ငံလည်း တအားတိုးတက်လာပြီ၊ ကိုယ့်မြန်မာပြည်မှာပဲ လုံလုံခြုံခြုံကာကွယ်ပေးနိုင်တဲ့နေရာမှာ ပဲ မြန်မာတွေကို အလုပ်လုပ်စေချင်ကြောင်း၊ ပညာရေးကိုလည်း အားပေးစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဇာတ်ကားရိုက်နေတဲ့ အတောအတွင်းမှာလည်း VOA အကြီးတန်း သတင်းထောက် Mr Ron Corben က သတင်းလာယူခဲ့ပြီး ချစ်သုဝေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ ချစ်သုဝေနဲ့ အင်တာဗျူးအပြီးမှာတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးရေးနဲ့လူ့အခွင့် အရေး ကိစ္စရပ်များအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ရုပ်ရှင် မင်းသမီး အင်ဂျလီနာဂျိုလီလို့ နိုင်ငံတကာ မီဒီယာများက တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

ခိုင်ဝေလွင်

0 comments:

Post a Comment